//hotjar

ပြန်အမ်းငွေပေါ်လစီ နှင့် ပြန်အမ်းငွေလုပ်ငန်းစဉ်များ


Dinger ၏ သတ်မှတ်ချက်နှင့်စည်းကမ်းချက်များကို ဇန်နဝါရီလ ၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Dingerသည် ငွေကြိုရှင်းရသည့်ဝန်ဆောင်မှုဖြစ်သောကြောင့် အသုံးပြုသူများအနေဖြင့် အောက်ပါအခက်အခဲများကြုံတွေ့နိုင်ပါသည်။

  • ရောင်းသူထံမှပစ္စည်းမရောက်ရှိလာခြင်း။
  • ပုံပါအရည်အသွေး နှင့်အညီ မရောက်ရှိလာခြင်း။
  • ပစ္စည်းတံဆိပ်စစ်မှန်မှုမရှိခြင်း။

အထက်ပါကိစ္စများပေါ်ပေါက်ခဲ့သည်ရှိသော်ဝယ်သူသည် အောက်ပါအတိုင်း တင်ပြနိုင်သည်။ ရောင်းသူနှင့်ဝယ်သူသည် ထိုကိစ္စကို နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် (၇)အတွင်းညှိနှိုင်းနိုင်သည်။ (၇)ရက်ကျော်လျှင် (သို့မဟုတ်) ဝယ်သူသည် ရောင်းသူနှင့် ညှိနှိုင်းမှုအဆင်မပြေ၍ တိုင်ကြားမည်ဟုဆုံးဖြတ်သော် ထိုကိစ္စကို ကျွန်ုပ်တို့ဘက်မှ စုံစမ်းစစ်ဆေးသွားပါမည်။

ဝယ်သူဘက်မှ အခက်အခဲတစ်စုံတစ်ရာ တင်ပြရာတွင်-

(၁) Dinger Website ထဲမှ Refund Section ကိုသွားပါ။

(၂) Form တွင်အောက်ပါအချက်အလက်များကို ဖြည့်စွက်ပါ။

  • အမည်
  • နေရပ်လိပ်စာ
  • ဖုန်းနံပါတ်
  • ဘဏ် (သို့မဟုတ်) မိုဘိုင်းပိုက်ဆံ အမျိုးအစား
  • အကောင့်နံပါတ်
  • ကြုံတွေ့နေရသည့် အခက်အခဲ အသေးစိတ်ဖော်ပြချက်
  • မိမိဝယ်ယူခဲ့သည့်ပစ္စည်းဓာတ်ပုံ

ရောင်းသူတစ်ယောက်အနေဖြင့် သင်သည် ဝယ်သူနှင့် ညှိနှိုင်း၍ အဆင်ပြေမှု မရှိပါက ထိုကိစ္စရပ်တစ်ခုလုံးကို ကျွန်ုပ်တို့အား ဖော်ပြရန်လိုအပ်သည်။


Dinger မှဖြေရှင်းပုံ

ရောင်းသူနှင့် ဝယ်သူကြား မပြေလည်မှု ဖြေရှင်းရန် Dinger သည် ပျမ်းမျှ အချိန် (၂၁) ရက်ကြာမြင့်နိုင်ပါသည်။

  • (၁) Dinger မှ ဝယ်သူ၏ မပြေလည်မှုတင်ပြချက်ကို စစ်ဆေးမည်။
  • (၂) ထို တင်ပြချက်သည်ရောင်းသူသို့ လည်း ပေးပို့သွားမည်ဖြစ်သည်။
  • (၃) Dinger သည် ရောင်းသူနှင့် Dinger စာချုပ်ထဲတွင်ဖော်ပြထားသည့်အတိုင်း ရောင်းသူနှင့်ဝယ်သူဆက်သွယ်ထားသည့်စာများကို ဝင်ရောက်စစ်ဆေးခွင့်ရှိမည်ဖြစ်သည်။
  • (၄) Dinger သည်ရောင်းသူထံသို့ကိုယ်တိုင်သွားရောက်စစ်ဆေးမည်ဖြစ်သည်။
  • (၅) Dinger သည် ထိုကိစ္စကို ဝယ်သူတင်ပြပြီး (၂၁) ရက်အတွင်း ဆုံးဖြတ်ပေးမည် ဖြစ်သည်။