//hotjar

ကျွန်ုပ်တို့၏ယုံကြည်ချက်


Dinger ဖြင့် လက်တွဲထားပါက မြန်မာနိုင်ငံရှိစီးပွါးရေးလုပ်ငန်းများသည် မည်သည့်အကောင့်မှမဆိုငွေပေးချေမှုများကို ရိုးရိုးရှင်းရှင်းနှင့်ထိရောက်စွာလက်ခံနိုင်သည်။


50+

Enquiries

100+

Merchants

1000+

Transactions

Dinger အကြောင်း


Dinger သည် ၂၀၁၈ ခုနှစ်တွင်စတင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်အစောပိုင်းတွင် တည်ထောင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများသည် Dinger ၏နည်းပညာဖြင့် ငွေပေးချေမှုအားလုံးကို API တစ်ခုတည်းမှ လက်ခံနိုင်သည်။ ငွေပေးချေမှုအမျိုးမျိုးမှ ငွေသားများကိုစီမံခန့်ခွဲခြင်းသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက်အချိန်များစွာ ရင်းနှီးရန်လိုအပ်သည်။ ထို့ကြောင့် Dinger သည် တိကျသောငွေပေးငွေယူမှတ်တမ်းများနှင့်အတူ မြန်ဆန်သောဝန်ဆောင်မှုများအတွက် အချိန်တိုအတွင်းဆောင်ရွက်နိုင်စေရန် ကူညီပေးသည်။


Awards
and Recognition

2018 - 2021

A Message from the FCM2020

We had to recently postpone our first “analog” event of the FCM2020 in Yangon, the In...

Read more

Mission


အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအား ငွေပေးချေမှုဆိုင်ရာပြဿနာများကိုကူညီရန်နှင့် ရေရှည်တည်တံ့နိုင်သောစီးပွားရေးလုပ်ငန်းများတည်ထောင်နိုင်ရန်အတွက် ခေတ်မီဘဏ္ဍာရေး၀န်ဆောင်မှုများကို အသုံးပြုထားသည်။

Vision


မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းများအတွက် ခိုင်မာသောငွေပေးချေမှုစနစ်ကို တီထွင်ပေးသည်။

Value


စီးပွားရေးလုပ်ငန်းများအနေဖြင့် များစွာသောငွေပေးချေမှု ၀န်ဆောင်မှုများမှလာသည့် ဝယ်သူများထံမှငွေပေးချေမှုများကို စုံလင်စွာလက်ခံနိုင်ရန် ခက်ခဲနေကြသည်။ အရင်းအမြစ်များကိုဖြုန်းတီးခြင်းမရှိဘဲပေးသူတိုင်းထံမှငွေပေးချေမှုကိုလက်ခံနိုင်ရန် သင်၏လုပ်ငန်းအတွက် Dinger ရှိသည်။

ကျွန်ုပ်တို့၏ပါတနာများ

ကျွန်ုပ်တို့သည် ဖော်ပြထားသော မြန်မာနိုင်ငံရှိ ငွေပေးချေမှုဝန်ဆောင်မှုပေးသူများနှင့် ဂုဏ်ယူစွာလက်တွဲလုပ်ဆောင်နေပါသည်။


လက်တွဲလုပ်ဆောင်ရန်


Dinger သည်မြန်မာနိုင်ငံရှိစီးပွါးရေးလုပ်ငန်းအားလုံးအားငွေပေးချေမှုကိုတစ်နေရာတည်းတွင်လက်ခံရန်အတွက်ပေါင်းစည်းထားသောငွေပေးချေမှုကို ပေးထားခြင်းဖြင့်ဖြေရှင်းပေးသည်။ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်နှင့်နိုင်ငံ၏ အကောင်းဆုံးသောငွေပေးချေမှုအကျိုးသက်ရောက်မှုအတွက် ယနေ့ပဲ Dinger အဖွဲ့သို့ဆက်သွယ်ပါ။

ဝန်ဆောင်မှုပေးခြင်း


စီးပွါးရေးလုပ်ငန်းများအနေဖြင့် သင်၏ဝယ်သူများအား ပိုမိုကောင်းမွန်သော ငွေပေးချေမှုဝန်ဆောင်မှုများပေးနိုင်ရန်အတွက် Dinger က ကူညီပေးမှာပါ။

Dinger ဖြစ်တည်လာပုံ

စီးပွါးရေးလုပ်ငန်းများအတွက်စုံလင်သောငွေပေးချေမှုများကိုပေါင်းစည်းထားသောငွေပေးချေမှုပလက်ဖောင်းဖြင့်တစ်နေရာတည်းတွင်လက်ခံလိုက်ပါ။


ဇန်နဝါရီလ ၂၀၁၈ ခုနှစ်

စတင်ဖြစ်ပေါ်လာပုံ

အိုင်ဒီယာသည် ၂၀၁၈ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အကောင်အထည်ဖော်ကာ တရားဝင် တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် အွန်လိုင်းစီးပွါးရေးလုပ်ငန်းများနှင့် အသေးစား၊အလတ်စား စီးပွါးရေးလုပ်ငန်းများအားလုံးအတွက် လွယ်ကူအဆင်ပြေသော အွန်လိုင်းငွေပေးချေမှုစနစ်ကို ပံ့ပိုးပေးနိုင်ရန်အတွက်ဖြစ်ပါသည်။

ဒီဇင်ဘာလ ၂၀၁၉ ခုနှစ်

အိုင်ဒီယာနှင့်ထုတ်ကုန်ကို တရားဝင်ကြေညာခြင်း

ကျွန်ုပ်တို့သည် မည်သည့်ငွေပေးချေမှုမျိုးကိုမဆို လက်ခံနိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပငွေပေးချေမှုပံ့ပိုးသူများနှင့် တရားဝင်ချိတ်ဆက်နိုင်သော ကွန်ရက်တစ်ခုကို စတင်တည်ဆောက်ခဲ့ပါသည်။

မတ်လ ၂၀၂၀ ခုနှစ်

ဘဏ်နှင့်ဒီဂျစ်တယ်ငွေပေးချေမှုပေါင်း ၁၆ခု နှင့် တရားဝင်ပေါင်းစည်းချိတ်ဆက်ခြင်း

ကျွန်ုပ်တို့၏ ငွေပေးချေမှုပလက်ဖောင်းသည် Facebook တွင် ရောင်းချသော အွန်လိုင်းစီးပွါးရေးလုပ်ငန်းများအတွက် စုံလင်သောငွေပေးချေမှုပုံစံအမျိုးမျိုးကို လက်ခံနိုင်ရန် ရည်ရွယ်ထားသောကြောင့် မြန်မာနိုင်ငံရှိ ဘဏ်နှင့် ဒီဂျစ်တယ်ငွေပေးချေမှုပေါင်း ၁၆ ခုနှင့် တရားဝင် ပေါင်းစည်းချိတ်ဆက်ခဲ့ပါသည်။

ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်

တရားဝင်မိတ်ဆက်ခြင်း

ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ပတ်သက်၍ တရားဝင်မိတ်ဆက်ခြင်းကို ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၀ ခုနှစ်တွင် လစဉ်ကြေး ၁လ အခမဲ့ပေးခြင်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။